This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, December 11, 2014
မိမိ PC ကိုအခြားသူများ ၀င်​​ရောက အသုံးပြုမှုအား စစ်​​ဆေးခြင်း
မိမိအသုံးပြုနေတဲ့ ကွန်ပျူတာကို အခြားသူ တစ်ဦးတစ်ယောက် အသုံးပြုသွားလားဆိုတာကို ကြည့်ရှုဖို့နဲ့ ကွန်ပျူတာရဲ့ Startup နဲ့ Shutdown Log တွေကို သိရှိ နိုင်ဖို့အတွက် အလွယ်တကူနဲ့ ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ Boot တက်ချိန်တွေနဲ့ မည်သည့်အချိန်မှာ Shutdown ပြုလုပ်မှုများကို Log ဖိုင်တွေနဲ့ စနစ်တကျ မှတ်သားထားတာ ဖြစ်တဲ့အတွက် အလွယ်တကူနဲ့ ပြန်လည်ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ PC Startup နဲ့ Shutdown Log များကို ကြည့်ရှုဖို့ အတွက် Win + R ကိုတွဲနှိပ်ပြီး Run Box ကို ခေါ်ရမှာ ဖြစ်ပါတယ်။ Run Box ရောက်ပြီဆိုရင် eventvwr.msc ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Event Viewer ဆိုတဲ့ Box တစ်ခုကျလာမှာ ဖြစ်ပါတယ်။ Windows Startup နဲ့ Shutdown Log တွေကို ကြည့်ရှုဖို့ အတွက်ဆိုရင် ဘယ်ဘက် Panel ထဲက Windows Logs ဆိုတာကို ရွေးချယ်ပြီး System မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Event Viewer Local ကနေ ကြည့်မယ်ဆိုရင် Error ဖြစ်ခဲ့တဲ့ App တွေ၊ System ပိုင်း Error ဖြစ်ခဲ့တာတွေကို အသေးစိတ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Error, Critical, Warning, Information, Audit Success အစ ရှိတာတွေကို အသေးစိတ် သိရှိနိုင်ဖို့အတွက် အချိန်တွေ၊ ရက်တွေနဲ့ Log ဖိုင်တွေကို မှတ်သားထားပေးပါတယ်။ Windows Logs ရဲ့ System ပိုင်းမှာ Information တွေနဲ့ Error ဖြစ်ခဲ့တာတွေကို လည်း ကြည့်ရှုမှတ်သားနိုင်မှာ ဖြစ်ပါတယ်။
Event Viewer ရဲ့ Windows Logs ရဲ့ System ပိုင်းမှာ ကွန်ပျူတာ စဖွင့်ခဲ့တဲ့ အချိန်ကို နေ့ရက်၊ အချိန် အတိအကျနဲ့ Information မှာဖော်ပြပေးမှာဖြစ်ပြီး၊ ကွန်ပျူတာသုံးနေစဉ် အချိန်တစ်လျှောက်မှာ ဖြစ်နေတဲ့ Error တွေ Malware တွေ့ရှိတာတွေကိုလည်း တောက်လျှောက် မှတ်တမ်းတင်ပြီး အချိန်အလိုက် ဖြစ်ပျက်နေတာတွေကို မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။
internet_journal
ဖတ်​​စေချင်​တယ်
မရေရာတဲ့ ခန့်မှန်းမှုတွေနဲ့ ဘ၀ကို အလောင်းအစား မလုပ်ပါနဲ့ သူငယ်ချင်း ။
သရက်ပင်ကိုတော့ တစ်ယောက်တည်းစိုက်ပါ ... သရက်သီးကိုတော့ ဝေမျှကျွေးပါ ... သူငယ်ချင်း ... ။
ပညာရဲ့တန်ဖိုးကို ထမင်းငတ်မှသာ သိတတ်ကြတော့တယ် ... ။
လသာမှ ဗိုင်းငင်မယ်လို့ တွေးမနေနဲ့ ... လူ့ဘ၀ဆိုတာ တခဏ .. လသာသာ မသာသာ ဗိုင်းငင်ရမှာပဲ ... ။
ရိုးသားမှု၊ နိုးကြားမှု၊ ကြိုးစားမှုဆိုတဲ့ ဂုဏ်သိက္ခာ .. ဘာနဲ့မှ မလဲနိုင်ဘူး ... သေသည့်တိုင် တန်ဖိုးထားပါ ... ။
လူပီသချင်ရင် ရိုးသားဖို့နဲ့ စိတ်ကောင်းရှိဖို့လိုတယ် ဆိုတာကိုတော့ သိထားစေချင်တယ် ... သူငယ်ချင်း ... ။
သည်းခံခြင်းဆိုတာ သတ္တိတစ်မျိုးဖြစ်သလို တန်ခိုးရှိခြင်းတစ်မျိုးလည်း ဖြစ်တယ် ... ။
ဒီလိုဖြစ်ရတာဟာ ဒီလိုနေခဲ့လို့ပါ .. သူ့လိုဖြစ်ချင်ရင် သူ့လိုကြိုးစားပေါ့ ... ။
အသေချာဆုံး ရင်းနှီးမြုပ်နှံမှုဟာ ကိုယ့်ကိုကိုယ် အားကိုးခြင်းပါပဲ ...။
ဒုက္ခဆိုတာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အပင်ရဲ့ အသီးဖြစ်တယ် ... ။
သူငယ်ချင်းရဲ့ စိတ်ထဲမှာ ဒေါသ၊ အမုန်း၊ အာဃာသတွေ ရှိနေရင် မြိုချလိုက်ပါ .. မကြာခင် ပိန် ပိန် လာလိမ့်မယ် ... ။
ကြိုးစားခြင်းဟာ .. ကောက်ရိုးကို ကြိုးဖြစ်စေနိုင်၏..။ တဲအိမ်ကို နန်းတော်ဖြစ်စေနိုင်၏..။ လူသားကို ဘုရားဖြစ်စေနိုင်၏...။
ကျောင်းပျက်ခြင်းသည် ဘ၀ပျက်ခြင်း၏ အစ..။
အမှန်တရားသည် လူ့အကြိုက်မလိုက် ... ။
အောင်မြင်ရန် အလုပ်လုပ်ခြင်းမှတစ်ပါး အခြားမရှိ ... ။
အပြောကြီးတာဟာ မလုပ်ချင်တာ၊ မလုပ်နိုင်တာကို ဖုံးကွယ်တဲ့ နည်းတစ်မျိုးပဲ. ။
အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုသာရှိတယ်။ တစ်ခုက မိဘ၊ တစ်ခုက အချိန်ပဲ .. ။
သာမန်ဘ၀မျိုးထက်သာချင်ရင်တော့ မာန်တင်းပြီး ကြိုးစားကြရမှာပဲ ... ။
နောင်တတရားသည် ညံ့ဖျင်းသူတို့နှင့်သာ သက်ဆိုင်သည် ... ။
ဆင်ခြေပေးတဲ့ ပါးစပ် .. ထမင်း ငတ်တတ်သည် ...။
အချိန်နောက်ကျတတ်သူဟာ ဘ၀မှာ နောက်ကျစမြဲပဲ ...။
အလှသည် အရက်ထက် ဆိုး၏.. အလှကို ကြည့်မြင်သူရော အလှပိုင်ရှင်ကိုပါ မူးယစ်စေနိုင်သည် .. ။
ပြန်လည် မျှဝေပေးလိုက်ပါသည်
ကိုတ
Thursday, July 31, 2014
viber last version v.4.3.3.67apk ​လေးပါ
“ကြောက်လို့ သေတော့မယ်”ဟူသော စကားကို သိပ္ပံနည်းအရ လက်တွေ့ သက်သေပြနိုင်
အလွန်အမင်း ထိတ်လန့်စရာ ကြုံရသည့်အခါ “ကြောက်လို့ သေတော့မယ်”ဆိုတာမျိုး ပြောတတ် ကြသည်။ ထိုစကား အတိုင်းပင် ကြောက်စရာ၊ ထိတ်လန့်စရာ၊ စိတ်ဖိစီးစရာများ နဲ့ ကြုံရခြင်းသည် အသက်ကို တကယ် တိုစေကြောင်း သိပ္ပံပညာ အရလည်း သက်သေ ထုတ်ပြနိုင်ပြီ ဖြစ်သည်။
လေ့လာမှုအသစ် တစ်ရပ်အရ လူကို ကြောက်စေ စိတ်ဖိစီးစေသည့် ဟိုမုန်း များများ ထွက်လေ သွေးတွင်းသို့ ဘက်တီးရီးယားများ ပို ရောက်လာလေ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားများသည် သွေးလွှတ် ကြောနံရံ များတွင် ကပ်တွယ် နေတတ်ကြသည်။ စိတ်ဖိစီးစေ ကြောက်စေသည့် ဟိုမုန်းများ ရုတ်တရက် ထွက်လာသည့် အခါ ထိုဟိုမုန်းများ၏ လှုံ့ဆော်မှုကြောင့် ဘက်တီးရီးယား များ နံရံမှ ကွာကျကာ သွေးကြော အတွင်းသို့ အစုအပြုံလိုက် ၀င်ရောက် မျောပါ သွားကြသည်ကို လေ့လာတွေ့ရှိ ထားသည်။ ထိုအခါ သွေးကြော ပိတ်ဆို့မှုများ ဖြစ်ပွားပြီး နှလုံးကို ဒဏ်ဖြစ်စေကာ နောက်ဆုံးတွင် နှလုံးရောဂါ ဖြစ်ပွား လာရတော့သည်။
လေ့လာမှု စစ်တမ်းကို အမေရိကန် အဏုဇီဝ ဗေဒအသင်းကြီးက ထုတ်ဝေသည့် mBio ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
““ဗြုန်းစားကြီး ထိတ်လန့် သွားတာမျိုး၊ ကြီးကြီးမားမား စိတ်ဖိစီးတာမျိုး ဖြစ်လာရင် ကတီချို လမင်းလို့ခေါ်တဲ့ ဟော်မုန်းတွေ သွေးကြောနဲ့ တစ်သျှူးတွေထဲ အများကြီး ၀င်တယ်။ ဟိုမုန်းတွေရဲ့ လှုံ့ဆော်မှု ကြောင့် သွေးလွှတ်ကြော နံရံတွေမှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေ ဟာ အစုအပြုံလိုက် ကွာကျပြီး သွေးစီးကြောင်းထဲ မျောပါပြီး တစ်နေရာရာမှ တစ်ဆို့သွားတာမျိုး ဖြစ်တတ်တယ်””ဟု လေ့လာမှုတွင် ပါဝင်သော နယူးယောက်မြို့ ဘင်ဟမ်တန် တက္ကသိုလ်မှ ဒေးဗစ်ဒေဗီက ပြောသည်။
မုန်တိုင်း၊ ငလျင်စသည့် သဘာဝ ဘေးကြီးများ ကြုံရသည့် အခါတွင် လည်းကောင်း၊ ယာဉ်တိုက်မှု ကြုံရသည့်အခါ၊ ချစ်ခင်ရသူ တစ်ယောက်ယောက် သေဆုံးသည့် အခါတွင် လည်းကောင်း နှလုံးဖောက်ပြန် တတ်ခြင်းမှာလည်း အလားတူ သဘောဖြစ်သည်။ ထိုသို့ အလွန်အမင်း ကြောက်စရာ စိတ်ဖိစီးစရာ ကြုံလာရသည့်အခါ နှလုံးကြွက်သားများသည် ပုံမှန်ထက်ပို၍ အလွန်အမင်း ပွဖောင်း တက်လာသည်။ ထိုအခါ ကြွက်သားများ၏ ကျစ်လျစ်သော ညှစ်အားဖြင့် အလုပ်လုပ်သော နှလုံးသည် ပွဖောင်းကာ ညှစ်အားလျော့ပြီး ပုံမမှန်ဖြစ်ကာ နှလုံးဖောက်ပြန်မှု ဖြစ်ပွားခြင်း ဖြစ်သည်။
Credit: The Messenger
Monday, July 28, 2014
Huawei G610-U00/C00 & G730-U00/C00 တို့ အတွက် Root မလို CWM မလို Google Service ရပြီး Apk များ
Huawei G610-U00/C00 နဲ့ G730-U00/C00 တွေကို Root လုပ်စရာမလို CWM မလိုပဲ Google Service ရတဲ့Apk များပြန်လည်မျှဝေပေးလိုက်ပါတယ်။
တခြား Model တွေလို Root စရာ မလိုတာ
ကြောင့် တော်ရုံတန် ရုံsystem ပိုင်းတွေနဲ့ မငြိတော့ပဲ လွယ်ကူစွာ အသုံးပြုနိုင်တာကြောင့်ဆိုင်သမားများရော
User များပါ ဆောင်ထားသင့်တဲ့ Apk များ
ဖြစ်ပါတယ်။
zip file နဲ့ ချုပ်ပြီးတင်ပေးထားပါတယ်။ Extract လုပ်ပြီး ရလာတဲ့ Apk များကို install လုပ်ပေးရုံပါပဲ။
အောက်မှာရယူပါခင်ဗျာ
Credit : Original Uploader
Download > http://www.solidfiles.com/d/2ca1c120ec/Google_services_.zip
မိမိဖုန်းမှာ virus ရှိမရှိ သိရှိ နိုင် မည့် နည်းလမ်းများ နှင့်  အကြံပြု ချက်
phone သို့ မဟုတ် tablet တွေမှာ virus ကိုက် နေ ပြီ လား ........? အရမ်း ကို ခက် တဲ့ ပြသနာ မဟုတ် တဲ့ အတွက် မိမိ ကိုယ် တိုင် ..အလွယ် တစ်ကူ virus တကယ် ရှိ မရှိ ကို အောက်ပါ အချက် အလက် တွေ ကို လေ့ လာ ပြီး ဖြေ ရှင်း လို့  ရပါ တယ်။
virus ရှိတဲ့  လက္ခာဏာ များ
======================
Slow function ။ မိမိ ဖုန်း ရဲ့  လုပ် ဆောင် မှူ့ တွေ တဖြည်း ဖြည်း နှေးကွေး လေးလံလာတဲ့ အခါ menu ကနေ မိမိ တို့ ဖွင့် လို တဲ့  app တွေ ကို 2 -5 second လောက် အထိ စောင့် ဆိုင်း နေရ တတ်ပါတယ်။ တစ်ခါ တစ်ရံ မှာ နှစ်ချက် လောက် နိုပ်ပြီး ဖွင့် ရ ခြင်းမျို လည်း ဖြစ်တတ်ပါတယ်။ဒါဆိုရင် virus စတင် ဝင်ရောက် နေ ပြီ လို့ ယူဆလို့ ရပါတယ်။
frequent freezing ။မိမိဖုန်းကို အသုံးပြု နေ စဉ် ရုတ်တရက် hang ပြီး တစ်ခါတစ်လေမှာ restart ပြန်ချပေးရခြင်း။restart ချ ပေး တာ တောင် power ပိတ်မရ တဲ့ အတွက် battery ထုတ်ပြစ်ရခြင်း။
switching of Automatically ။ တစ်နေ့ မှာ ( ၃-၄ ကြိမ် )မိမိ ဖုန်းဟာ အလိုအလျောက် ဖုန်းပိတ် ပိတ် သွားခြင်း။
Restarting ။ တစ်ခါ တစ်ရံ မှာ မိမိ ဖုန်းဟာ ပိတ် ရမဲ့ အစား အလိုအလျောက် restart ကျသွားခြင်း
no booting properties ။ တစ်ခါတစ်ရံ virus ဝင်ရောက်မှူ့ ကြောင့်  boot တက် မလာ တော့ ပဲ blank screen နှင့်  ဖုန်းအသုံးပြု ဖို့ အဆင်မပြေခြင်း။
failure of some application ။တစ်ချို့ သော application များကောင်းစွာ အလုပ် မလုပ် တော့ ခြင်း။
အထက်ပါ ဖော်ပြ ချက် တွေ နဲ့  ကိုက်ညီမှူ့ ရှိ နေပြီဆိုရင်တော့ သင့် အနေ နဲ့  မိမိ ဖုန်းမှ virus ကို ကိုယ် တိုင် ကိုယ် ကျ ရှင်းလင်းသုတ်သင် ဖို့ လို အပ် လာပါပြီ။
သင့် ဖုန်းက virus ကို သုတ်သင် ဖို့ အတွက် အကြံပြုချက်
======================================
virus ကို MMC Card ထဲအထိ အမှန်တကယ်သတ်ပေးနိုင်တဲ့  apk တစ်ခုခု ကို insall လုပ်ပြီးအသုံးပြု ကြည့် ပါ။
မိမိတို့ ဖုန်းကို virus သတ်လို့ အဆင်မပြေ နိုင်တော့ ဘူး ဆို ရင် menu >setting ကနေ reset ချ ပြီး orginial ဖြစ်အောင် ကြိုးစားကြည့် ပါ။
တကယ်လို့  rest ပြန် လုပ် ဖို့ အခက် အခဲ ရှိနေ သေးတယ်ဆို ရင် (*2767*3855# ) ကိုရိုက်ပြီးphone memory (internal memory ) ကို formart ချပြီးအသုံးပြု နိုင်ပါတယ်။
အထက်ပါအချက် တွေနဲ့ ဖြေ ရှင်းလို့ အဆင်မပြေ တော့ ဘူးဆို ရင် ဖုန်းကို flashing လုပ်ပြီး အကောင်းပကတိ လုပ်ဆောင် နိုင် တယ်ဆို တဲ့ အကြောင်း အကြံပြု တင်ပြပါရစေ။
Credit > စိုင်းသူ
G730 တွေရဲ့ မြန်မာစာပြသနာ ချုပ်ညိမ်းသွားပါပြီ….
G730 တွေရဲ့ မြန်မာစာပြသနာ ချုပ်ညိမ်းသွားပါပြီ….
ကခ123, ကခab, abကခ, abကခ အစရှိသည်တို့လည်း အဆင်ပြေပါတယ်…
မြန်မာ apk တွေမှာလည် မြန်မာစာ အဆင်ပြေပါတယ်….
Windows, OS X နဲ့ Linux သုံးမျိုးလုံးမှာသုံးလို့ရအောင်ရေးထားပေးပါတယ်…
ကျွန်တော်စမ်းထားတာ G730-U00 မှာစမ်းထားတာပါ…
အခြားသော ပြသနာများ ကျန်သေးရင်လည်း ကျွန်တော့်ကို feed back ပေးကြပါလို့မေတ္တာရပ်ခံပါတယ်…
tester တော့ လိုအပ် ပါတယ်…
ကျွန်တော်စမ်းဖို့ ခဏငှားထားတဲ့ G730-U00 လေးကပြန်ပေးလိုက်ပြီမို့ပါ…
အဆင်ပြေတယ်ဆိုရင် ကြိုက်တယ်ဆိုရင် ကျွန်တော့်ကိုလည်း တချက်ပြန်ကူညီပေးကြပါ…
တခြားတော့မဟုတ်ပါဖူး…
ဒီလိုပြသနာမျိုးရှိတာ နောက်ထပ် ဘယ် model တွေကျန်သေးတယ်ဆိုတာပြောပေးပါ…
ကျွန်တော်ဆက်ကြိုးစားပေးပါ့မယ်…
နောက်ပြီး ဒီနည်းနဲ့ ဖြေရှင်းလို့ရတာ ဘယ် model တွေဆိုတာလည်း ပြန်ပြောပေးကြပါ…
Y511 မှာထည့်သလိုမျိုး ဘယ် model တွေမှာရောထည့်ရတယ်ဆိုတာပြောပေးပါ…
ကျွန်တော့်ဆီမှာ စမ်းစရာဖုန်းမရှိလို့ပါ….
phone model တွေကို ပြောတဲ့အခါ model, android version, build number…
model နဲ့ build number ပြောတဲ့အခါ အောက်ပါ command နှကြောင်းကရလာတဲ့ output ကိုပြောပေးပါ..
adb shell getprop ro.build.id
adb shell getprop ro.product.model
ကျွန်တော် android အတွက် zawgyi installer တခုထုတ်မလို့ပါ..
keyboard ရောပါပြီးသား open source zawgyi installer ပါ….
Apk, Windows, OS X နဲ့ Linux လေးမျိုးလုံးအတွက်ထုတ်ပေးမှာပါ…
ကဲတောင်းဆိုတာတွေနည်းနည်းများသွားပြီ…
G730 အတွက် Myanmar Font Installer ကို ဒီမှာဒေါင်းပါ…
Download > http://d-h.st/uYX
Credit > Aung Thiha