Wednesday, July 23, 2014

သင် ဘယ်လောက်ချမ်းသာ ပါစေ တနေ့ ထမင်း ၂ နပ် အပြင် ပိုမစား.နိုင်ပါဘူး..

သင့်မှာ အိမ်တွေ ဘယ်လောက်ပိုင်ပါစေ တစ် ည မှာ ကျောတခင်းထက်ပို မအိပ်နိုင်ပါဘူး..

ကားတွေ ဘယ်နှစ်စီး ပိုင်ပါစေ ..
တခါမောင်းရင် တစီးထက်ပိုမမောင်းနိုင်ပါဘူး..

လက်ဝတ်ရတနာ တွေကြိုက်သလိုပေါပါစေ..
သင့် တစ်ကိုယ်လုံး မှာဆန့်သလောက်ပဲ ဝတ်ရမှာပါ..

အဝတ်အထည်တွေ ဘယ်လောက်ပေါပါစေ
တခါဝတ်ရင် တစ်စုံထက် ပိုမဝတ်နိုင်ပါဘူး..

မျက်နှာလေးချောတယ်လှတယ်
ကိုယ်လုံး လှလေးလှတယ်ဆိုလဲ ..
အနှစ် ၃၀ မခံပါဘူး...
စိတ်လှတဲ့အလှတရားကသာ..တစ်သက်လုံးခံ မှာပါ.

ဖိနပ်ဘယ်လောက်တန်ပါစေ ခြေဖဝါးအောက် နေတာပါ..
ဦးထုတ်ဘယ်လောက်စုတ်ပါစေ ခေါင်းပေါ်မှာနေတာပါ..
ဘဝ မှာ အားလုံးက သူ့ နေရာနဲ့သူ နေရတာပါ..

လောကမှာ. သင့်ထက် ၁၀ ဆ..အဆ ၁၀၀ ပိုချောပိုလှ ..ပိုချမ်းသာ ..
ပို တတ်ပိုသိ ပိုတော် ပိုသြဇာ အာဏာ ရှိတဲ့ လူတွေ ရိုက်သတ် လို့မကုန်ပါဘူး..

ကဲ.သင်ဘာအတွက် ..မောက်မာ နေဦးမှာလဲ..

ဘာအတွက်ရင့်သီး နေကြဦးမှာလဲ..

သူဖုန်းစား ရော သူဌေးရော.ဘုရင်ရော လူတွေ ချည်းပါပဲ..

လူ့တန်ဖိုး က ..သင်တစ်ဘဝ လုံး..
ဘာအတွက်နေပြီး ဘာအတွက်သေခဲ့ရတာလဲ..
လောက ကဘာတွေယူသွားပြ်ီး
လောက ကို ဘာတွေချန်ထားခဲ့မှာလဲ..
ဆိုတဲ့ ချိန်ဂွင်လျှာမှာပဲ...တိုင်းပါတယ်..

ဘဝ အကြောင်းကို လမ်းမထွက် ..လူတွေကြားရပ် ပြ်ီး ကကြီးခခွေးကနေစ သင်လိုက်ပါဦး ..ရွှေရည်စိမ် ..မြေပေါ်စာ..လူတန်းစားတို့ရေ...

မောင်ပေါက်..

0 comments:

Post a Comment