သန်းဝင်းလှ်ိုင်-ရေးသည်
မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်မှစ၍ ဒင်္ဂါးများကို
အသုံးပြုကြသည်ဆိုသည်။ မြန်မာတို့သည် ဒင်္ဂါးဟူသောဝေါဟာရကို
ပါဠိစကားလုံး " ဋင်္က" မှ ထုတ်ယူသုံးစွဲသည်ဟု အဆိုရှိသည်။ " ဘုရင့် တံဆိပ်လက်ရာရှိသောငွေကြေး " ဟုအဓိပ္ပာယ်ရသည်။ အချို့က
လည်း မြန်မာအခေါ် ဒင်္ဂါးသည်သက္ကတဘာသာ " တင်္က " ဟူသောစကား
လုံးမှ ရွေ့လျောလာသည်ဟုဆိုသည်။
ဒင်္ဂါးဟူသောဝေါဟာရသည် မြန်မာစကား အသုံးအနှုန်းထဲ၌သာမက
စာပေ၊ ကဗျာ၊ လင်္ကာတို့၌ပင် ပါဝင်နေသဖြင့် မြန်မာတို့ နားရည်ဝနေ
သည်မှာ ကြာပြီဖြစ်သည်။ မြန်မာလင်္ကာဆရာကြီးဖိုးသူတော်ဦးနု၏ အလင်္ကာတစ်ခုတွင် " ဒင်္ဂါး ဒင်္ဂါး အရင်းစကားမှာ ဘင်္ဂလားအခေါ်
မျက်နှာပွင့်ဆေးသူပါလျှင် ရင်အေးစေတတ်သာမို့ အနုဆေးလို့
လည်း ခေါ်လောက်ပါရဲ့ " ဟူ၍ တွေ့ရလေသည်။
ထို့ထက်ရှေးကျသောကဗျာတစ်ပုဒ်မှာ မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ်
တွင် နန်းတက်သော ဟံသာဝတီဆင်ဖြူ ရှင်မင်းတရားလက်ထက်
" ရှင်ကုမာရကဿ ပ " ရေးသားသော (ဓမ္မရာသီပျို့) တွင် " ဆန်း
ကြယ်တင့်အပ်တံဆိပ်ခတ်သား ကျပ်မတ်-မူး- ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြု၍ အကုဋေမျှရာမကသား " ဟု စပ်ဆိုထားသည်ကို တွေ့ရသည်။
ဒင်္ဂါးနှင့်ပတ်သက်၍ မြန်မာအဘိဓာန် အကျဉ်းချုပ်အတွဲ၂ (ဆ-န)၌ " တံဆိပ်ခတ်နှိပ်၍အလေးချိန်နှင့် တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထား
သော ရွှေ၊ ငွေ စသည့်သတ္တုပြား " ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
မြန်မာနိုင်ငံတွင် တွေ့ရှိသော ရှေးအကျဆုံးမြန်မာဒင်္ဂါးမှာ ပျူမင်းများခေတ်
က သုံးစွဲခဲ့သော ပျူ ဒင်္ဂါးများဖြစ်သည်။ ပျူတို့၏မြို့တော် ဗိဿ နိုး ၊ သရေ
ခေတ္တရာနှင့် ဟန်လင်းကြီးတွင် ငွေဒင်္ဂါးများကို တွေ့ရှိရသည်။ ၎င်းပျူ တို့ သုံးစွဲသည့် ရွှေနှင့်ငွေဒင်္ဂါးတို့၏ပုံသဏ္ဌာန်မှာ လခြမ်းသဏ္ဌာန်ရှိသည်ဟု ထန်ခေတ်တွင် ရေးသားထားသော တရုတ်သမိုင်း၌ ဖော်ပြပါရှိလေ
သည်။ ပျူ ဒင်္ဂါးသည် ပျူ ယဉ်ကျေးမှုခေတ်၏အလှရတနာတစ်ပါးဖြစ်သည်။ ပျူဒင်္ဂါးသည် ယနေ့မြန်မာနိုင်ငံ၌သာမက ကမ္ဘာတွင်လည်း တန်ဖိုး
ကြီးမားလှသော ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်လေသည်။ ပျူဒင်္ဂါး၏လှပ
မှုနှင့် ထူးခြားလှသောသင်္ကေတများမှာ တန်ဖိုးမဖြတ်နိုင်သော လျှို့ဝှက်
ချက်များ ဖြစ်နေ၏။ ပျူဒင်္ဂါး၏၀ိသေသလက္ခဏာများကို ယနေ့တိုင် မည်
သူမျှ တိကျတပ်အပ်စွာမပြောနိုင်သေးပေ။
ပျူယဉ်ကျေးမှုခေတ်ကား များစွာ ကျယ်ပြန့်လှသည်။ ပျူနှင့်ခေတ်ပြိုင် ဒွါရ၀တီနှင့်ရခိုင်ယဉ်ကျေးမှုခေတ်များတွင်လည်း ပျူယဉ်ကျေးမှုအမှတ်
အသားများ ရောနှောနေကြောင်း တွေ့ရှိရသည်။ဒွါရ၀တီဒင်္ဂါးနှင့်
ရခိုင်ဒင်္ဂါးတို့တွင် ပျူခေတ်ယဉ်ကျေးမှုအမှတ်အသားများ တွေ့ရှိနေရ
ခြင်းဖြင့်ပျူယဉ်ကျေးမှု၏သြဇာကျယ်ပြန့်လှကြောင်း သိသာနိုင်ပေသည်။
သို့သော် ပျူလူမျိုးတို့သည် ငွေဒင်္ဂါးများကို ငွေကြေးလဲလှယ်ရေးမဏ္ဍိုင်
အဖြစ်အသုံးမပြုဘဲအဆောင်အဖွဲ့သဘောမျိုး အဖြစ်သာ အသုံးပြုခဲ့
ဟန်တူပေသည်။
မြန်မာနိုင်ငံ၌ ပျူဒင်္ဂါးနှင့်ပတ်သက်၍ ဗိဿ နိုးတွင်နှစ်မျိုး၊ ဟန်လင်းတွင်
သုံးမျိုး၊ သရေခေတ္တရာတွင် လေးမျိုး တွေ့ရသည်။ ယင်းမျိုးကွဲများမှ
လက္ခဏာများမှာလည်း များပြားလှပေသည်။ ပျူ ဒင်္ဂါးများတွင် ခရုသင်း၊
သွတ္တိလာ၊ ဥကင်၊ စကြာ၊ ၀ရဇိန်၊ ယစ်ပလ’င်၊ သီရိဝစ္ဆ၊ နေ၊ လသဏ္ဌာန် တက်နေ၀န်းနှင့်နက္ခတ် ၂၇ လုံးစီ ပါရှိသည်။ များသောအားဖြင့်အရွယ်
အစားမှာ မတ်စေ့မှ ကျပ်ပြားအရွယ်အထိရှိသည်။ ခေတ်အားဖြင့်မူ
အေဒီ ၄၀၀-၅၀၀အတွင်း အသုံးပြုခဲ့ပုံရသည်။
ပုဂံခေတ်သုံးဒင်္ဂါးများကိုမူ ယနေ့တိုင် မတွေ့ရသေးပေ။ပျူ ဒဂါင်္းများရောက်
မြန်မာနိုင်ငံ၏ရှေးအကျဆုံးသောဒင်္ဂါးမှာ ရခိုင်ဒင်္ဂါးများပင်ဖြစ်သည်။
ရခိုင်ပြည်တွင် ဒင်္ဂါးများကို အသပြာငွေကြေးအဖြစ်အသုံးပြုရန်အတွက်
လည်းကောင်း ၊အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ဖော်ညွှန်းရန်
လည်းကောင်း၊ ခရစ်သက္ကရာဇ်အေဒီ လေးရာစုလောက်ကပင် ခတ်နှိပ်သုံးစွဲလာခဲ့ကြသည်။
ရခိုင်ဒင်္ဂါးများကို အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ စာထိုးမထားသော ဒင်္ဂါးနှင့်စာထိုးထားသောဒင်္ဂါးများပင် ဖြစ်သည်။
လေးရာစုလောက်က ခတ်နှိပ်သည်ဟု မှန်းဆရသော ဒင်္ဂါးများတွင် စာထိုးမထားချေ။ သို့ရာတွင် ယင်းတို့ ၌မင်္ဂလာနှင့်ပြည့်စုံသော သရုပ်
ဖော်ပုံများ ပါရှိသည်။
ယင်းပုံများသည် ဘုရင်စနစ်နှင့် လျောက်ပတ်ပြီးလျှင် တိုင်းပြည်ဝပြော
သာယာရေးကို ရည်ညွှန်းသောပုံများပင်ဖြစ်သည်။ ယင်းဒင်္ဂါးများမှာ
ငွေဒင်္ဂါးများဖြစ်ပြီး အကြီးအသေးနှစ်မျိုးစလုံး တွေ့ရသည်။သက္ကရာဇ်
အေဒီ ၅ ရာစုမှ အေဒီ ၁၀၀၀အထိ ထုတ်လုပ် အသုံးပြုခဲ့သော ရခိုင်
ဒင်္ဂါးများတွင်ရှေ့ဘက်၌မင်းဆက်၏ တံဆိပ်တော်ဖြစ်သော နွားလား
ဥသဘနှင့် ယင်း၏အထက်၌သွန်းထုတ်လုပ်သောမင်း၏အမည်ပါရှိ
သည်။ အသုံးပြုခဲ့သောအက္ခရာများမှာ ဗြဟ္မီပွားအက္ခရာများဖြစ်သည်။
ကျောဘက်တွင်မူ ကနဦးဒင်္ဂါးများတွင် ပါရှိသည့်မင်္ဂလာနှင့်ပြည့်စုံသော သရုပ်ဖော်ပုံများ ပါရှိလေသည်။
ရခိုင်ဒင်္ဂါးများ၏ရှေ့ဘက်၊ ကျောဘက်များတွင် ပါရှိသည့်ပုံများသည်
အေဒီ ၅ ရာစုမှ ၁၀၀၀ အထိ နှစ်ပေါင်းငါးရာတိုင်အောင် အသေးအဖွဲ
ပြောင်းလဲခြင်းမှအပ ထူးကဲစွာပြောင်းလဲခြင်းမရှိဘဲတည်တံ့ခဲ့သည်။ ယင်းဒင်္ဂါးများသည် ငွေသားဒင်္ဂါးများဖြစ်ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊
တစ်မူးအရွယ်များအဖြစ် အရွယ်အစားအမျိုးမျိုးထုတ်လုပ်ခဲ့ကြသည်။ ထုတ်လုပ်ခဲ့သော စေတီကို လိုက်၍ ယင်းဒဂါင်္းများကို ဝေသာလီခေတ်
ဒဂါင်္းများဟု ခေါ်ဝေါ် ကြသည်။
ရခိုင်ဒင်္ဂါးများသည် အိန္ဒိယနိုင်ငံထုတ်ဒင်္ဂါးများနှင့် အခြေခံအားဖြင့် တူညီသော်လည်း ကိုယ့်တံဆိပ်၊ ကိုယ့်အမှတ်အသားနှင့်ကိုယ်
သွန်းလောင်းထုတ်လုပ်ထားကြောင်းကို ယင်းဒင်္ဂါးများနှင့် နှိုင်း
ယှဉ်ကြည့်ခြင်းအားဖြင့် ထင်ရှားစွာတွေ့မြင်နိုင်ပေသည်။
ရခိုင်ဒင်္ဂါးများတွင် အစောဆုံးသွန်းလုပ်သုံးစွဲခဲ့သောဒင်္ဂါးမှာ မင်္ဂလာလက္ခဏာပုံများဖြစ်သောခရုသင်းတစ်ဖက်၊ သီရိဝစ္ဆလက္ခဏ
တစ်ဖက်ပါရှိသော ဒင်္ဂါးဖြစ်သည်။ သုတေသီ "ဂျွန်စတင်း" (E.H
Johnston) က သူပြုစုခဲ့သော Some SanstritInscriptions of
Arakan စာအုပ်တွင် ရေးသားဖော်ပြထားသည်။
ဝေသာလီဒင်္ဂါးများနောက်၌ အစောဆုံးတွေ့ရသော ရခိုင်ဒင်္ဂါးမှာ စူလမဟာရာဇာဒင်္ဂါး ပင်ဖြစ်သည်။ ဤဒင်္ဂါးမှစ၍ မင်္ဂလာအမှတ်အသား
လက္ခဏာပုံများ မပါတော့ချေ။ ရခိုင်ရာဇ၀င်တွင်ဤအမည်ခံယူသော
မင်းကို ရှာဖွေရာ၌ ဝေသာလီနှောင်းခေတ် နောက်ဆုံးမင်း၏အမည်ကို
သာတွေ့ရသည်။ ယင်းမင်းမှာ ရာဇ၀င်အလိုအရ စူလစန္ဒြားမင်းပင်ဖြစ်
သည်။ သက္ကရာဇ် ၉၅၇ အေဒီတွင်တကောင်း၊ ပြည်၊ သင်းတွဲမြို့မှအပြန်
မော်တင်စွန်း-နဂါးရစ်အငူတွင် သင်္ဘောပျက်၍ နတ်ရွာစံခဲ့သည်။
အဆိုပါဒင်္ဂါး၏ရှေ့ဘက်တွင် စူလမဟာရာဇာဟူ၍မြန်မာအက္ခရာဖြင့်
ရေးထိုးထားပြီးလျှင် ကျောဘက်တွင် နာဂရီအက္ခရာဖြင့် ခတ်နှိပ်ထား
သည်။သက္ကရာဇ်ရေးထိုးမထားချေ။ယင်းနောက်သွန်းလုပ်ခဲ့သည်ဟု
မှန်းဆရသော ဒင်္ဂါးမှာ လောင်းကြက်ခေတ်(၁၂၅၀-၁၄၀၄)မင်းထီး
ဘုရင်လက်ထက်က ယင်းမင်း၏ဦးရီးတော်အမည်ဖြင့် သက္ကရာဇ်ပါ
ရေးထိုး၍ ထုတ်ဝေသောဒင်္ဂါးဖြစ်သည်။ ရှေ့ဘက်၌ မြန်မာအက္ခရာ
ဖြင့် ၆၆၀ နရာဓိပတိဦးရီးတော်မဟာနန္တဘယဟူ၍ ခတ်နှိပ်ထားပြီးလျှင်
ကျောဘက်တွင် နာဂရီအက္ခရာဖြင့်စာခတ်နှိပ်ထားရှိသည်။ လောင်း
ကြက်ခေတ်တွင် နာမည်အကျော်ကြားဆုံးမင်းမှာ မင်းထီးဘုရင်ပင်ဖြစ်
သည်။
လောင်းကြက်ခေတ်၏နောက်ဆုံးမင်းမှာနရမိတ်လှခေါ် မင်းစောမွန်ဖြစ်
သည်။ ယင်းမင်းသည် မင်းထီးဘုရင်၏မြစ်ပင်ဖြစ်သည်။ မင်းစော
မွန်သည် မြောက်ဦးခေတ်မင်းဆက်၏ ပထမဆုံးသောမင်းလည်းဖြစ်
သည်။ မြောက်ဦးမင်းဆက်ခေတ်သည် ခရစ်သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄
ခုနှစ်အထိ နှစ်ပေါင်း ၂၅၄ နှစ် ရှည်ကြာခဲ့သည်။ မြောက်ဦးမင်းဆက်ပေါင်း
၄၈ ဆက်ရှိသည်။မြောက်ဦးမင်းဆက်၏ နောက်ဆုံးမင်းမှာ မဟာသမ္မတ
ရာဇာခေါ် အဂ္ဂေါပုညာဇောရာဇာ ဖြစ်သည်။
မြောက်ဦးခေတ် စောစောပိုင်းက သုံးစွဲခဲ့သော ဒင်္ဂါးများတွင် ကူဖစ်
(Kuficခ) ဗျည်း သို့မဟုတ်လက်ရေးကွန့်ထားသော ပါရှန်ဗျည်းများဖြင့်
ရေးထိုးထားသည့် ကလီမာတစ်ဖက်ပါ ဒင်္ဂါးခုနစ်မျိုးကို တွေ့ရသည်။
မြောက်ဦးခေတ်ဒင်္ဂါးများတွင် သက္ကရာဇ်များ ရေးထိုးထားသော်လည်း
ဖတ်ရှုနိုင်ရန် ယင်းခေတ်သုံးဂဏန်းများကို သိရန်လိုအပ်သည်။
မြောက်ဦးဒင်္ဂါးများမှာ အရွယ်အားဖြင့် နှစ် ဒသမ ရှစ် စင်တီမီတာမှ သုံးစင်တီမီတာအချင်းထိရှိ၍ အလေးချိန် ၁၀ ဂရမ်ဝန်းကျင်တွင်
တစ်မျိုးနှင့် ခုနစ် ဒသမ ငါးဂရမ် ၀န်းကျင်တွင်တစ်မျိုးတွေ့ရသည်။ ကျပ်ပြည့်ဒင်္ဂါးများမှာအရွယ်အားဖြင့် အချင်းသုံးစင်တီမီတာနှင့်
အလေးချိန် ၁၀ ဂရမ် ရှိသည်။
ရှေးခေတ်ရခိုင်ဒင်္ဂါးများသည် ကျောက်စာပါမင်းများ၏အမည်များကို အတည်ပြုပေးသည်သာမက ပံ့ပိုးမှုလည်းပေးသည်။ ရခိုင်သမိုင်း
အတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားများကိုလည်းပေး
သည်။
0 comments:
Post a Comment