လရောင်ကို တမ်းတကာ
မှန်းဆသည်
ချစ်တဲ့သူလေးကို လွမ်းမိသည်
လေပြေတိုး လျှောက်သံတွေနဲ့အတူ
အပြေးလေး လာခဲ့ချင်သည်
သည်ရင်မှာတော့ ချည့်နဲ့နေပြီ
ကာရံမညီ.....ကဗျာဟန်သီ.
ကြယ်စင်တွေကို
တိုင်တည်သည်
အာရုံဦး...နေခြည်...
လင်းလက်တော့မည်
ဒီလိုလေးနဲ့ ကိုယ့်ရဲ့
အိပ်မပျော်တဲ့ညတွေကို
သက်သေထူရင်း
လေဒီလေးတစ်ယောက်ကြောင့်
အသက်ဆက်နေမိပြီ
သိပ်ချစ်သည့် ကိုယ့်နှလုံးသားကိုတော့..
ကိုယ်နားမလည်နိုင်ဖြစ်ခဲ့သည်
ဒီလို......နာနာကျင်ကျင်နဲ့....
အားလုံး...ဂွတ်မောနင်းလို့ နှုတ်ဆက်နေမိပြီ......
By Admin.
Friday, July 18, 2014
ပိုင်ရှင်မဲ့အလွမ်းည
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment